iPad 5မကြာခင် လာတော့မည်
Wednesday, July 10, 2013
Appleရဲ့ iPad 5ကတော့ မကြာခင် ဈေးကွက်မှာ ရောက်ရှိလာတော့မယ်လို့ ခန့်မှန်းသူတွေက ပြောနေကြပါပြီ။ iPad 5လို့ ခေါ်ဝေါ်နေတဲ့
Appleရဲ့ iPadအသစ်က ၉.၇ လက်မ Screenအရွယ် ရှိတဲ့ iPadဖြစ်မှာပါ။ သူ့ကို
စက်တင်ဘာလအတွင်း မိတ်ဆက် ဖြန့်ချိသွားမယ်လို့ ယူဆကြောင်း Digitimesသတင်းစာက
မနေ့က ဖော်ပြသွားခဲ့ပါတယ်။
အဆိုပါ iPadအသစ်မှာ အထူးပါးလွှာအောင်
ဖန်တီးထုတ်လုပ်ထားမယ် လို့ မျှော်လင့်လျက် ရှိနေပြီး Retina နည်းပညာသုံး
iPadဖြစ်မှာပါ။ Retinaနည်းပညာကို ပထမဆုံး အသုံးပြု ထုတ်လုပ်ထားတဲ့ iPad
3မှာ ထူထဲပြီး အလေးချိန် များတာကြောင့် ဈေးကွက်မှာ ဝေဖန်မှုတွေနဲ့
ကြုံတွေ့ခဲ့ရ သေးတာကြောင့် ယခု iPadအသစ်ကိုတော့ တကယ်ကို ပါးလွှာအောင်
ထုတ်လုပ်သွားလိမ့်မယ်လို့ မျှော်လင့်လျက် ရှိနေပါတယ်။
ကိုယ်ထည် ဒီဇိုင်းကတော့ iPad 4လိုမျိုး ထုတ်လုပ်ထားမယ်လို့ ဖော်ပြ ထားပြီး Resolutionက 2048×1536 Pixelတောင် ရှိမှာ ဖြစ်ကာ ဘက်
ထရီ အပိုင်းမှာလည်း စွမ်းအင် သုံးစွဲမှု အတတ်နိုင်ဆုံး နည်းအောင်
ထုတ်လုပ်သွားမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၇.၉ လက်မ
အရွယ်ရှိ Mini Retinaလည်း ဖြန့်ချိဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။
Ref: www.cnet.com
မြန်မာနိုင်ငံစက်မှုလယ်ယာဦးစီးဌာနလိုဂို
-
မြန်မာနိုင်ငံစက်မှုလယ်ယာဦးစီးဌာနရဲ့ (.eps) logo မူရင်းအား
ကိုယ်တိုင်ပြန်လည်ရေးဆွဲထားပါသည်။ လိုဂိုတစ်ခုလုံးအား
အသေးစိတ်ပြန်လည်ရေးဆွဲထားတာဖြစ်လို့ ပြန်လည်အသ...
5 years ago
0 comments:
Post a Comment