Post By Leable List

Thursday, January 30, 2014

Samsung Galaxy S5 ရဲ့ camera new Megapixel

Samsung Galaxy S5 အတွက်ထွက်ရှိလာတဲ့ နောက်ထပ် သတင်း ဖြစ်ပါ တယ်။ ယင်းသတင်းအရ Samsung Galaxy S5 မှာ 21 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ပါဝင်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။
16 Megapixel တုန်းက 5312×2988 resolution အရည်အသွေးရှိပြီး ratio က 16:9 ဖြစ်ပါတယ်။ ဒီတစ်ခါက 21 Megapixel ဆိုတော့ ဓာတ်ပုံအရည် အသွေးနဲ့ ထွက်ရှိလာမယ့် အရွယ်အစားက ဘယ်လောက်တောင် ရှိမယ် ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ကင်မရာကောင်းတဲ့ စမတ်ဖုန်း စာရင်း ထဲမှာ Samsung ရဲ့  ယခု နောက်ထွက် စမတ်ဖုန်းများက ပါဝင် လာနေခြင်း ဖြစ်ပါတယ်။ ပလပ်စတစ် ဘော်ဒီ နဲ့ အလူမီနီ ယမ် ဘော်ဒီဖြင့် ၂ မျိုးထုတ်လုပ်ပြီး အတွင်းက Specification များကတော့ မပြောင်းလဲဘူး ဖြစ်ပါတယ်။ ဖုန်းရဲ့  ကုဒ်နံပါတ်က SM-G900-V ဖြစ်ကြောင်း အွန်လိုင်းမှာ သတင်းပြန့်နှံ့နေပါတယ်။
လက်ဗွေဖြင့် ဖုန်းလုံခြုံရေး ထိန်းချုပ်စနစ် ပါမယ့် Samsung Galaxy S5 ကို လာမယ့် ဖေဖော်ဝါရီလ Mobile World Congress မှာ ဝင်ရောက်ပြ သ နိုင်ချေ ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
Ref#Smart Pro Journal

                                                        ADMIN AUNGLAYY

0 comments:

Post a Comment

My Blog List