Viber Animated Message သည် Android ရော IOS အတွက်ရော ရယူလို့ရပါတယ်။
Viber animated message ဘယ်လိုရယူမလဲဆိုတာမပြောခင် နဲနဲလောက်ရှင်းပြချင်ပါတယ်။
Viber ကို update လုပ်ပေမဲ့ new version မှာဘာလို့ Animated Message မပါဘာတာလဲ ?
ဆိုတာလေးကိုပြောပြချင်တာပါ။ အမှန်တစ်ကယ်တော့ Viber New Version 4.2.1 မှာ Animated
Message ဆိုတဲ့ Feature မပါဝင်ပါဘူး။ Viber က သပ်သပ် Zoobe – 3D animated messages
သပ်သပ်ပါ။ Viber သွင်းထားပြီးသား ဖုန်းမှာ Zoobe – 3D Animated Message Application
ထပ်မံထည့်သွင်း လိုက်ခြင်းကြောင့် Viber မှာ Plug-in တစ်ခုအနေ အသုံးပြုလို့ရသွားတာပါ။
Zoobe – 3D Animated Message Application ကို Viber မှာတင် သုံးလို့ရတာမဟုတ်ပါဘူး တခြား
Tango, Upptalk, WhatsApp, Freepp စတဲ့ Message ပို့တဲ့ Application တော်တော်များများမှာ
အသုံးပြုလို့ရပါတယ်။ Viber မှာတော့ သူက icon တစ်ခုအနေနဲ့ ပို့လာလို့ Viber Animated
Message ဖြစ်သွားရခြင်းပဲဖြစ်ပါတယ်။ Zoobe – 3D Animated Message Application ဟာ
google play storeမှာ အခမဲ့ရယူနိုင်ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှာ လူကြိုက်အများဆုံး စာရင်းမှာ 5
stars ပေးခြင်းကိုခံခဲ့ရပါတယ်။ Zoobe ဟာ Viber ရှိမှ ရပ်တည်လို့ရတာမဟုတ်ပဲ Zoobe
Application တစ်ခုတည်း အနေနဲ့လဲ Video တွေပြုလုပ်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။
ပြုလုပ်နည်းအဆင့်ဆင့်ကိုအောက်မှာဖော်ပြပေးသွားမှာဖြစ်ပါတယ် …
Requirements
Viber Animated Message ဖြစ်ဖို့အတွက် Viber version 4.2.1 ရှိနေရပါမယ်။
မရှိရင် http://www.mediafire.com/download/e5h22gya6q2ga7k/Viber_[v4.2.1.1].apk ဒီမှာဒေါင်းပါ …
Zoobe – 3D Animated Message Application လဲရှိနေရပါမယ်။
မရှိရင် http://www.mediafire.com/download/fya94uee72wu9d3/com.zoobe.zoobecam.apk ဒီမှာဒေါင်းပါ …
ကျနော် MMUG မှာ သူများတွေကို Animated
Message ဖြန့်ဝေ ပေးခဲ့တယ်ဆိုတာက ကျနော့်မှာ Zoobe Application ရှိနေပြီး
တစ်ဖက်လူမှာ Zoobe Application မရှိလို့ပဲဖြစ်ပါတယ်။
User Guide
Viber Animated Message ရယူခြင်းတွင် မိမိဖုန်းတွင် Wifi Connection သို့မဟုတ် Mobile Data Connection ရရှိရန်လိုအပ်ပါသည်။
1 – Viber နဲ့ Zoobe ကို ဖုန်းမှာ Install လုပ်ပါ။ Viber ကတော့ users တိုးလိုလိုအကောင့်ဖွင့်ပြီးသားမို့ ထွေထွေထူးထူးမပြောတော့ပါဘူး။
2 – မိမိဖုန်းမှာ Zoobe ကို Install လုပ်ပါ။
Zoobe ကို install မလုပ်ချင်ဘူးဆိုရင်တော့ Viber က Viber Animated Message
ရှိသူထံမှာ Animated Message တစ်ခုကို ပို့ခိုင်းမှရပါလိမ့်မယ်။ Install
တာပဲဖြစ်ဖြစ် သူများဆီက ပို့လာတဲ့ Animated Message ပဲဖြစ်ဖြစ်
အရုပ်ပုံလေးကိုတစ်ချက်နှိပ်ပြီး ဖွင့်ရမှာဖြစ်ပါတယ်။
တစ်ချက်နှိပ်လိုက်တာနဲ့ Zoobe ကို Install တန်းလုပ်ပေးသွားမျာဖြစ်ပါတယ်။
Loading ဆိုပြီး install လုပ်နေပါလိမ့်မယ် … အဲ့မှာ No Google Play Account
ဆိုတဲ့ Error box တစ်ခုကြလာတက်ပါတယ်။ Ok ပေးလိုက်ပြီး Loading
ပြီးတဲ့ထိခဏစောင့်လိုက်ပါ။ မစောင့်နိုင်လျှင် ဖုန်းမှ Back key
နှိပ်လျှင်လဲ ရပါသည်။
3 – Viber message ပို့တဲ့ Box နားက +
လေးကိုနှိပ်ပါ။ Animated Message ကိုသွားပါ ပထမဦးစွာ အကြိုက်ဆုံး
အကောင်နဲ့ကို့ရဲ့စိတ်ခံစားမှုကိုရွေးချယ်လိုက်ပါ။
4 – မိမိပေးပို့ချင်သော အကြောင်းအရာကို Voice
recording ပြုလုပ်ရန် Record botton အနီရောင်လေးကို တစ်ချက်နှိပ်ပြီး
ပေးပို့လိုသော အကြာင်းအရာကို ပြောခြင်းဖြင့် record ပြုလုပ်ထားလိုက်ပါ။
Recording ကို ရပ်ရန် အနီရောင် ခလုပ်လေးကိုပဲပြန်နှိပ်ပါ။
5 – Recording ပြီးပါက Continue ကိုနှိပ်ပါ။
Creating Animation လုပ်နေပါလိမ့်မယ်။ ပြီးရင် သရုပ်ဆောင်တဲ့အကောင်လေးက
မိမိအသံနှင့်တူ တခါထဲ သရုပ်ဆောင်ပေးထားပုံကို ကြည့်လို့ရပါပြီ။
စိတ်ကျေနပ်မှုရှိပါက Send ကိုနှိပ်ပြီး ပေးပို့နိုင်မှာဖြစ်ပါတယ်။
ညီအကိုမောင်နှမ များအားလုံး အဆင်ပြေကြပါစေ …
ADMIN AUNGLAYY
0 comments:
Post a Comment